Phone နှင့် VPS အသုံးပြု၍ Linux လေ့လာနည်း

ဖုန်းရှိရုံဖြင့် ငွေကုန်ကြေးကျမများဘဲ Linux OS ကိုလေ့လာနိုင်ပါသည်။ လိုအပ်သည်များမှာ

  1. Smart phone တစ်လုံး
  2. VPS တစ်လုံး
  3. SSH Client (e.g juiceshh)
  4. RDP Client (e.g Microsoft Remote Desktop)

Smart Phone။ ဖုန်းသည် အင်တာနက် ရှိရမည်။ speed အရမ်းကောင်းရန် မလိုပါ။ Android or iOS နှစ်သက်ရာ ဖြစ်နိုင်ပါသည်။

Virtual Private Server – VPS။ အင်တာနက်ပေါ်က ၂၄ နာရီ အင်တာနက် အဆက်အသွယ်ရှိနေမယ့် ကိုယ်ပိုင်ဆာဗာအတုလို့ ပြောလို့ရပါတယ်။ မီးပျက်တယ် ဆိုတာလဲ မရှိနိုင်ပါဘူး။ အင်တာနက် service company ကြီးတွေရဲ့ Server computer ကြီးတွေကနေ processing power ကို ကွန်ပျူတာတစ်လုံးသဖွယ် အနည်းငယ်ခွဲရောင်းတဲ့ သဘောလို့ အလွယ်ပြောနိုင်ပါတယ်။ တကယ့် Physical ကွန်ပျူတာမဟုတ်ပါဘူး။ သို့သော် တကယ့်ကွန်ပျူတာသဖွယ် ကိုယ်စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပါတယ်။ ထို့ကြောင့် Virtual Private Server ဟုခေါ်တာပါ။ ဈေးချိုပါတယ်။ အစားစား ရှိပါတယ်။ ၂၄ နာရီ မီးမပျက်ဘဲ အင်တာနက်ရနေမယ့် virtual ကွန်ပျူတာတွေဖြစ်လို့ တကယ်အသုံးပြု သူများ၊ website တင်ခြင်းများ၊ online ကိစ္စဆောင်ရွက်ခြင်းများ အတွက် တွက်ခြေ ကိုက်ပြီး တန်ပါတယ်။ ထိုသို့ Virtual မဟုတ်ဘဲ Physical ကွန်ပျူတာများလဲ ဝယ်လို့ရ ပါတယ်။ ၎င်းတို့ကို Dedicated Server ဟုခေါ်ပါတယ်။ VPS များကို ဘယ်ကရနိုင်သလဲ ဆိုရင် Internet hosting company ကြီးတွေဆီကနေ လစဉ်ကြေး၊ နှစ်စဉ်ကြေးနဲ့ ငှားသုံးရပါတယ်။ တနည်းအားဖြင့် တစ်လ အသုံးပြုခွင့်၊ တစ်နှစ်အသုံးပြုခွင့် ဝယ်သုံးခြင်းဖြစ်ပါတယ်။ internet မှာ VPS ရောင်းတဲ့ website များစွာရှိပါတယ်။ visa, master, paypal စသည်များဖြင့် ဝယ်ရပါတယ်။ ဝယ်လိုက်တဲ့အခါမှာ IP address, username နဲ့ password တစ်ခုစီရပါတယ်။ IP address က ကိုယ့် VPS ရဲ့ ကိုယ်ပိုင်လိပ်စာလို့ ဆိုကြပါစို့။ username နဲ့ password က VPS မှာ pre install လုပ်ထားတဲ့ linux OS ထဲကို log in ဝင်ဖို့ပါ။ Server OS တင်ပြီးသား ဖြစ်ပါတယ်။ GUI (Desktop) မပါသော command line ဖြင့် အသုံးပြုရမည့် server OS ဖြစ်ပါတယ်။ Desktop ကို ကိုယ်တိုင်တင်ယူရမှာပါ။

SSH client။ SSH Client ဆိုတာ VPS ရဲ့ server OS ကို ချိတ်ဆက်ပြီး အသုံးပြုဖို့ပါ။ ယခုသင်ဖတ်နေတဲ့ facebook application ဟာ client တစ်ခုပါဘဲ။ facebook company server ကြီးတွေဆီက new feeds တွေကို ချိတ်ဆက်ရယူတောင်းခံနေတဲ့ client application ပါဘဲ။ server ဆိုတာ service ပေးသူ။ client ဆိုတာ service တောင်းခံသူပါ။ SSH ဆိုတာ secure shell ကိုခေါ်တာပါ။ network ချိတ်ဆက်တဲ့ protocol တစ်ခုပါ။ protocol ဆိုတာ ကွန်ပျူတာတွေ အချင်းချင်းဆက်သွယ်တဲ့ ဘာသာစကားလို့ အလွယ်နားလည်လိုက်ပါ။ အင်တာနက်ကြီးဟာ TCP/IP လို့ခေါ်တဲ့ ပင်မအခြေခံ network protocol ဖြင့် ချိတ်ဆက်တာပါ။ secure shell protocol ကတော့ TCP/IP ရဲ့အပေါ်မှာမှ လုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်အောင် ပြုလုပ်ထားတဲ့ protocol ဖြစ်ပါတယ်။ sever-client ချိတ်ဆက်မှုတွေမှာ အသုံးများပါတယ်။ server OS တွေမှာ builtin ပါပြီးသားပါ။ ကျွန်တော်တို့က ဖုန်းမှာ ssh protocol ဖြင့် အလုပ်လုပ်တဲ့ client တစ်ခု install လုပ်သုံးရုံပါဘဲ။ ကျွန်တော်တို့ရဲ့ android ဖုန်းများကလဲ linux OS အခြေခံတွေပါ။ iPhone ၏ iOS ဟာလဲ Linux ရဲ့ နောင်တော်ကြီး Unix kernel ကို အခြေခံထားတာပါ။

RDP Client။ Remote Desktop Protocol လို့ခေါ်ပါတယ်။ Command Line (CLI) ဖြင့် မဟုတ်ဘဲ ကိုယ့် VPS ရဲ့ (GUI) Desktop ကို မြင်ရပြီးအသုံးပြုဖို့ပါ။ အင်တာနက်တွေ ၊ network တွေမှာရှိတဲ့ ကိုယ့်ကွန်ပျူတာကို အဝေးကနေ ဝင်ရောက်အသုံးပြုဖို့ပါ။

အားသာချက်များ။ ၂၄ နာရီ အင်တာနက်ရပြီး မီးမပျက်တဲ့ ကွန်ပျူတာကို ဈေးချိုချိုနဲ့ သုံးရမှာပါ။ package install လုပ်ရင်လဲ အင်တာနက်ဖိုး ဖုန်းဘေလ် မကုန်ပါဘူး။ linux မှာ software install လုပ်တာကို package install လုပ်တယ်လို့ခေါ်ပါတယ်။

အားနည်းချက်။ physical ကွန်ပျူတာကို ကိုင်သုံးသလောက် အားရချင်မှ ရပါလိမ့်မယ်။

VPS ကို စတင် အသုံးပြုခြင်း

ssh client တွင် VPS ရဲ့ IP address ဖြင့် login ဝင်ရောက်ရပါမည်။ user name မှာ root ဖြစ်ပါသည်။ root သည် linux တွင် administrator account ဖြစ်ပါသည်။ password တောင်းလျှင် VPS ဝယ်လျှင်ရသော password သို့မဟုတ် ကိုယ်တိုင် ဖန်တီးခဲ့သော password ထည့်ပါ။ log in ဝင်ရောက်ပြီးလျှင် command များကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ပထမဆုံး OS ထဲမှာ ရှိတဲ့ package list များကို update လုပ်ရပါမယ်။ Linux OS တွေဟာ package များဖြင့် ဖွဲ့စည်းထားပါတယ်။ အင်တာနက်မှာ Linux OS အမျိုးအစားအလိုက် package တွေကို စုစည်းထားပေးတဲ့ FTP Server ကြီးတွေ ရှိပါတယ်။ အဲ့ server ကြီးတွေမှာ ရနိုင်မယ့် package များကို အမြဲ up to date တွေ တင်ပေးလျက်ရှိပါတယ်။ package lists တွေဟာ အမြဲပြောင်းနေတဲ့အတွက် အမြဲ up to date ဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် Linux မှာ software or application တင်မယ် လုပ်တိုင်း အမြဲ ဒီ package list တွေ update လုပ်ဖို့ လိုပါတယ်။ ထို့နောက် ရှိပြီးသား packages တွေကိုလဲ update လုပ်ဖို့ လိုပါတယ်။
Debian အခြေခံ linux များ (Debian သို့မဟုတ် ubuntu) ဖြစ်လျှင်

apt update && apt upgrade -y

RPM အခြေခံ linux များ (centos သို့မဟုတ် fedora) ဖြစ်လျှင်

yum update -y

ပြီးလျှင် Desktop Environment ဖြင့် အသုံးပြုနိုင်ရန် Desktop Environment တစ်ခု install ပြုလုပ်ရပါ့မယ်။ Linux မှာ Desktop Enviroment များစွာရှိပါတယ်။ အနီးစပ်ဆုံး ဥပမာ ဖုန်းတွေမှာ Launcher တွေ ပြောင်းသုံးသလိုပါဘဲ။

  1. Unity
  2. GNOME
  3. ‎KDE
  4. Cinnamon
  5. ‎MATE
  6. ‎LXDE
  7. XFCE စသည်ဖြင့် များစွာရှိပါတယ်။

VPS မှာ pre install လုပ်ထားတာ server version ဖြစ်တဲ့အတွက် ဘာ Desktop Environment မှ မပါ ပါဘူး။ ထပ်မံ install ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။Lightweight Desktop ဖြစ်တဲ့ xfce ကို install လုပ်ပါ့မယ်။

အောက်ပါ command များကို အသုံးပြုရပါမည်။ install ၏  နောက်တွင် အခြားထည့်သွင်းလို့သည့် package မျာကို ဆက်တိုက်space ခြားပြီး ထည့်သွင်းနိုင်ပါသည်။ အထက်တွင် ပြခဲ့သော update && upgrade များကို && နှင့် ဆက်ပြီး တဆက်တည်း ရိုက်နိုင်ပါသည်။ -y ဆိုသည်မှာ yes or no မေးလာလျှင် yes ဟု ဖြေခိုင်းခြင်းပါ။

Debian အနွယ်ဝင်များ  ဖြစ်လျှင်

apt install -y xfce4 xfce4-goodies xrdp firefox && systemctl start xrdp && systemctl enable xrdp && echo “xfce4-session” > ~/.xsession && chmod a+x ~/.xsession

RPM အခြေခံ Linux များ ဖြစ်လျှင်

yum -y groupinstall xfce && yum -y install xrdp firefox && systemctl start xrdp && systemctl enable xrdp && firewall-cmd –add-port=3389/tcp –permanent && firewall-cmd –reload && echo “xfce4-session” > ~/.Xclients && chmod a+x ~/.Xclients

အထက်ပါ command များကို ဆောင်ရွက်ပြီးလျှင် Linux VPS ကို Desktop Environment ဖြင့် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s