CentOS ကို VirtualBox တွင် တင်၍ Linux Server ကို လေ့လာခြင်း (အပိုင်း ၅)

ကျွန်တော်တို့ CentOS ကို minimal အနေဖြင့်သာ install ပြုလုပ်ခဲ့ကြပါတယ်။ minimal ဆိုတာ OS တစ်ခု Run ဖို့အတွက် လိုအပ်တဲ့ package အနည်းဆုံးသာပါဝင်ပြီး အခြားမည်သည့် softwares မှ မပါတာကို ဆိုလိုခြင်းဖြစ်ပါသည်။ OS ချည်းသက်သက်သာ ဖြစ်ပါတယ်။ Graphical User Interface (GUI) ပါဝင်မှာ မဟုတ်ပါဘူး။ Command Line Interface (CLI) ကနေ အသုံးပြုရမှာပါ။ GUI ပါလာအောင် ထပ်ပြီး packages တွေ  install လုပ်ပေးရမှာ ဖြစ်ပါတယ်။ Server အဖြစ်ရောက်ရှိစေရန် ထပ်ပြီးတော့ သက်ဆိုင်ရာ package  များကို install လုပ်ယူရမှာ ဖြစ်ပါတယ်။

Linux OS မှာ software install လုပ်ခြင်းကို package install လုပ်တယ်လို့ ခေါ်ပါတယ်။ service ကိုလဲ daemon  ခေါ်ပါတယ်။

ဥပမာ dhcp server ဖြစ်စေချင်ရင် dhcp package နှင့် ဆက်စပ် package တွေ တင်ပေးရမယ်။

web server ဖြစ်စေချင်ရင် web server ဖြစ်စေမယ့် httpd နှင့် bind package တွေနဲ့ ဆက်စပ် package တွေကို တင်ပေးရပါတယ်။

Package install ပြုလုပ်ကြည့်ရန် Login ပြုလုပ်၍ Network ချိတ်ဆက်ထားပါ။ ပြီးလျှင် ဒီ command‎ ရိုက်ပြီး enter ခေါက်လိုက်ပါ။

# yum install yum-downloadonly

yum-downloadonly ဆိုတဲ့ package လေးကို တင်ချင်လို့ပါ။ packages တွေကို တန်းပြီး install မလုပ်ဘဲ download ချဖို့ အတွက်ဖြစ်ပါတယ်။

Server ထိုင်ရန် Packages များကို download ပြုလုပ်ခြင်း

Server ထိုင်ရန်လိုအပ်တဲ့ packages တွေ download ရယူရန် Host OS တွင် အင်တာနက် ချိတ်လိုက်ပါ။ VM ကို PuTTY ဖြင့် remote login ပြုလုပ်လိုက်ပါ။ ပုံ – ၁ ကိုကြည့်ပါ။

ကျွန်တော်တို့ yum-downlaodonly ဆိုတဲ့ package လေးကို install လုပ်ခဲ့ပါတယ်။ ၎င်းဟာ internet ကနေ package တွေကို download ချဖို့ အတွက် ဖြစ်ပါတယ်။အခု yum-downloadonly ရဲ့ အကူအညီနဲ့ လိုအပ်တဲ့ package တွေကို download ရယူပါ့မယ်။ yum-downloadonly ကို install မလုပ်ရသေးရင်တော့ download ပြုလုပ်လို့မရပါဘူး။ တန်းပြီး install ပြုလုပ်လို့ပဲရပါလိမ့်မယ်။ ကျွန်တော်တို့က တန်းပြီး install မပြုလုပ်ဘဲ download ပြုလုပ်ပြီးမှသာ install ပြုလုပ်ပါ့မယ်။ download တစ်ခါယူထားလိုက်ရင် နောက်ပိုင်းပြန် install လုပ်ချင်တဲ့အခါ download ထပ်ယူဖို့ မလိုတော့သလို အခြားစက်တွေမှာလဲ install ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ internet connection မရှိဘဲတောင် install ပြုလုပ်လို့ရပါတယ်။ Server ဖြစ်အောင်လုပ်ဖို့ မှတ်ရလွယ်အောင် လုပ်ရမယ့် အဆင့် (၄) ဆင့် ထုတ်ပြထားပါတယ်။

(၁) Server နာမည်အလိုက် directory အသစ်တွေ လုပ်မယ်။

(၂) Directory တွေထဲကို packages တွေကို download ချမယ်။

(၃) Install ပြုလုပ်မယ်။

(၄) Configuration ပြုလုပ်မယ်။

(၁) server နာမည်အလိုက် directory အသစ်တွေလုပ်မယ်

# mkdir dhcp ftp web dns email webmail squid samba nfs chatting

လို့ ရိုက်လိုက်ရင် လက်ရှိ home directory (~) အောက်မှာ dhcp, ftp, web, dns, email, squid, nfs, chatting ဆိုတဲ့ directory (10) ခု ရလာလိမ့်မယ်။

server ဆယ်ခုအတွက် directory ဆယ်ခုဖြစ်ပါတယ်။ folder ဆယ်ခုပါ။ directory ကို အပြာရောင်နဲ့ ပြပါတယ်။ GUI မှာဆိုရင် new folder ဆောက်သလိုပါပဲ။ GUI မှာ folder လို့ခေါ်ပြီး CLI မှာတော့ directory လို့ ခေါ်ပါတယ်။ mkdir နောက်မှာ ကိုယ်ပေးချင်တဲ့ နာမည်ထည့်လို့ရပါတယ်။ နာမည်တွေကို space ခြားပြီး ဆက်တိုက်ရိုက်လို့လဲရပါတယ်။  ပုံ – ၂ တွင် ကြည့်ပါ။

(၂) Directory တွေထဲကို packages တွေကို download ချမယ်

ဆောက်လိုက်တဲ့ directory (10) ခုထဲကို သက်ဆိုင်ရာ sever packages များကို တစ်ခန်း ချင်းစီထဲကို download  ချယူမှာ ဖြစ်ပါတယ်။ အောက်ပါ command ကို ရိုက်ပြီး enter ခေါက်ပါ။# yum install dhcp –downloadonly –downloaddir=/root/dhcp –yCommand ရဲ့ အဓိပ္ပာယ်ကို ရှင်းပြပါ့မယ်။yum (Yellowdog Updater Modified) ဆိုတာ internet ကနေ packges ကို install ပြုလုပ်ဖို့ command line program ဖြစ်ပါတယ်။ install ဆိုတာ yum နဲ့ တွဲသုံးရတဲ့ command ဖြစ် ပါတယ်။ dhcp ဆိုတာ ကျွန်တော်တို့ install လုပ်ချင်တဲ့ dhcp packages များကို ရည်ညွှန်း တာပါ။ –downloadonly ဆိုတာ yum အတွက် option ဖြစ်ပြီး install မလုပ်ဘဲ download ပဲ လုပ်မယ်လို့ yum ကို ကန့်သတ်လိုက်တာပါ။ –downloaddir ဆိုတာ ဘယ် directory မှာ ဒီ packages များကို သွားထားလို့ပြောလိုက်တာပါ။dhcp directory ထဲကို package (၄) ခု download ချပါလိမ့်မယ်။ စုစုပေါင်းမှ 1.3MB ပဲ ရှိပါတယ်။ dhcp နေရာ အခြား ftp, web, … etc အစားထိုးသွားရုံပါပဲ။

အခြား server များအတွက်  package တွေ ကြိုတင်ပြီး download လုပ်ထားချင်ရင်တော့ အောက်ပါ အတိုင်း command များကို ရိုက်နိုင်ပါတယ်။

For  ftp server;

# yum install vsftpd –downloadonly –downloaddir=/root/ftp –y

For web server;

# yum install httpd –downloadonly –downloaddir=/root/web –y

For DNS server;

# yum install bind –downloadonly –downloaddir=/root/dns –y

For Email server;

# yum install postfix –downloadonly –downloaddir=/root/email –y

For Samba server;

# yum install samba –downloadonly –downloaddir=/root/samba –y

For Squid server;

# yum install squid –downloadonly –downloaddir=/root/squid –y

For NFS server;

# yum install nfs* –downloadonly –downloaddir=/root/nfs –y

သတိထားရမှာက >>Web server အတွက် package name က httpd ၊ directory ကတော့ web ပါပဲ။DNS server အတွက် package name က bind ၊ directory ကတော့ dns ပါပဲ။Email server အတွက် package name က postfix ၊ directory ကတော့ dns ပါပဲ။Download ပြုလုပ်ရမယ့် size လေးတွေက 2MB , 3 MB လေးတွေပဲ ရှိပါတယ်။ ဘယ်ဟာမှ 10 MB ကျော်တာ မပါပါဘူး။ ဒါတောင် server တစ်ခုအတွက် လိုအပ်တဲ့ packages တွေ အခြား server မှာလဲ ပါနေလို့ တူနေတဲ့ packages တွေတောင် ရှိပါတယ်။ နာမည်အကုန်လုံးကို space ခြားပြီး ရိုက်ထည့်ပေးလိုက်ရင်တော့ တူနေတာတွေ လျော့သွားနိုင်ပါတယ်။ ဒါပေမယ့် သီးသန့်သာ download ရယူထားပါ။ install လဲ မလုပ်ပါနဲ့ဦး။ ကိုယ်တိုင် စမ်းသပ်ချင်ရင်လဲ VM ကို clone ပွားပြီးတော့စမ်းပါ။ အင်တာနက်မှာ server configuration လုပ်နည်းတွေ ရှိပါတယ်။ ကျွန်တော့် tutorial အတွက် သီးသန့် ဖယ်ထားပေးပါ။ Linux မှာ server ထိုင်ရတာ တကယ်ကို ပေါ့ပါးပြီး size သေးသေးလေးနဲ့တွေ အလုပ်ဖြစ်ပါတယ်။ နောက် tutorial တွေမှာ install လုပ်တာနဲ့ configuration လုပ်တာကို ရေးပါ့မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s