CentOS ကို VirtualBox တွင် တင်၍ Linux Server ကို လေ့လာခြင်း (အပိုင်း ၃)

Network Interface Card ထပ်တိုးခြင်း

VirtualBox တွင် VM ကို ဖန်တီးသောအခါ ပုံမှန်အားဖြင့် network card တစ်ခုသာ ပါဝင်ပါသည်။ Network card နှစ်ခုဖြစ်အောင် အောက်ပါအတိုင်းလုပ်ဆောင်ပါ။

Virtual Machine ရဲ့ setting >> Network မှာ ကြည့်ရင် Adapter 1 ကို Enable Network Adapter ဆိုပြီး အမှန်ခြစ်ပြနေပါလိမ့်မယ်။

Adapter 2 ကိုလဲ Enable Network Adapter မှာ အမှန်ခြစ်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ VM ဟာ network interface card နှစ်ခု ရှိသွားပါပြီ။

Attached to: နောက်မှာ Host-only Adapter ဆိုပြီး ပြောင်းလိုက်ပါ။ အောက်က Name: မှာ VirtualBox Host-Only Ethernet Adapter ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။

ပုံမှန်အားဖြင့် VirtualBox ဟာ Host OS နဲ့ Guest OS ကြား router လို အလုပ်လုပ်ပေးတဲ့ အတွက် ip address ကို auto assign လုပ်ပေးတဲ့ dhcp server ဟာ VirtualBox မှာ builtin ပါဝင်ပြီးသား ဖြစ်ပါတယ်။

built in ပါဝင်တဲ့ dhcp service ကိုမသုံးဘဲ static IP ကိုပဲ အသုံးပြုပါ့မယ်။

ဒါကြောင့် dhcp service ကို disable လုပ်ဖို့ File>>Preferences>>Network>>Host-only Networks ကိုသွားပါ။

VirtualBox Host-Only Ethernet Adapter ကို double click လုပ်လိုက်ပါ။ ဘေးက ဝက်အူလှည့် ပုံလေးကို နှိပ်လိုက်ရင်လဲ ရပါတယ်။

Adapter မှာ 192.168.0.100 လို့ ip address ပေးခဲ့ပါ။

အဲ့မှာ DHCP Server အောက်ကိုဝင်ပြီး Enable Server က အမှန်ခြစ်ကလေးကို ဖြုတ်လိုက်ပါ။

VM ကို ဖွင့်ဖို့ start ကို နှိပ်လိုက်ပါ။ CentOS တတ်လာရင် login လုပ်ပါ။

# ip addr

လို့ ရိုက်ပြီး enter ခေါက်လိုက်ပါ။ eth1 ဆိုတဲ့ network adapter တစ်ခုတိုးလာပါလိမ့်မယ်။

(adapter ဘယ်နှစ်ခု ရှိသလဲနဲ့ ip address တွေကြည့်ချင်ရင် ဒီ “ip addr” command လေးကိုသုံးရပါတယ်။ command တွေကို မှတ်ထားနော်။)

Ethernet and IP configuration ပြုလုပ်ခြင်း

Linux မှာ Hardware တွေကို configuration ဖိုင်တွေနဲ့ ထိန်းချုပ်ပါတယ်။ အခု တိုးလာတဲ့ eth1 အတွက်လဲ configuration ဖိုင် ကို ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးပေးရပါလိမ့်မယ်။

eth0 အတွက် configuration ဖိုင်က default အတိုင်း ပါဝင်လာပြီးသားဆိုတော့ eth0 အတွက် configuration ဖိုင်ကို ကူးပြီး နာမည်ပြောင်းပြီး လိုတာလေးတွေ ပြင်လိုက်ရင် ရပါတယ်။

ပထမဆုံး eth0 အတွက် configuration ဖိုင်ရှိတဲ့ အခန်းကို သွားဖို့ အောက်ပါ command ကို ရိုက်ပါ။

cd /etc/sysconfig/network-scripts/

ဒါဆိုရင် network-scripts ဆိုတဲ့ အခန်းအောက်ကို ရောက်သွားပါလိမ့်မယ်။ (အခန်း <directory> တွေ ကူးပြောင်ချင်ရင် “cd”  ဆိုတဲ့ command သုံးရပါတယ်။ change directory ရဲ့ အတိုကောက်ပါ။)

ပြီးရင် အောက်ပါ command ရိုက်ပြီး ဘာတွေ ရှိလဲ ကြည့်လိုက်ပါ။

ls

(directory တစ်ခုရဲ့အောက်မှာ ဘာတွေ ရှိသလဲ ကြည့်ချင်ရင် “ls” ဆိုတဲ့ command ကို အသုံးပြုရပါတယ်။ GUI မှာ folder တစ်ခုရဲ့ အောက်မှာ ဘာတွေရှိသလဲ ကြည့်သလိုပါပဲ။)

ls နဲ့ ကြည့်လိုက်ရင် အဲ့မှာ ifcfg-eth0 ဆိုတဲ့ ဖိုင်လေးကို တွေ့ပါလိမ့်မယ်။ ၎င်းဟာ eth0 အတွက် configuration ဖိုင်လေးပဲ ဖြစ်ပါတယ်။ ၎င်း ဖိုင်လေးကို copy ကူးလိုက်မယ်။

ပြီးရင် အောက်ပါ command ရိုက်ပြီး copy ကူးလိုက်ပါ။

cp ifcfg-eth0 ifcfg-eth1

ls နဲ့ ပြန်ကြည့်လိုက်ပါ။ ifcfg-eth1 ဆိုပြီး ဖိုင်လေး ထပ်တိုးလာပါလိမ့်မယ်။ ဒီ ဖိုင်လေးကို ကျွန်တော်တို့ ပြင်ပေးရမှာ ဖြစ်ပါတယ်။

အောက်ပါ command ကို ရိုက်ပါ။

vi ifcfg-eth1

(မှတ်ချက်။ vi ဆိုတာ ဖိုင်တွေကို ပြင်လို့ရတဲ့ command line မှာအသုံးပြုရတဲ့ editor လေး ဖြစ်ပါတယ်။ အရမ်းကောင်းတဲ့ linux software လေးဖြစ်ပြီး vi ဟာ လေ့လာမယ်ဆိုရင် programming language တစ်ခုစာလောက်ကို ကျယ်ပြန့်ပါတယ်တဲ့။ linux ကို CLI နဲ့ အသုံးပြုမယ်ဆိုရင် vi နဲ့ မဖြစ်မနေတွေ့ရမှာလဲ ဖြစ်ပါတယ်။ သုံးတတ်ရင် “ဆရာကြီး” ဖြစ်နိုင်လို့ သီးသန့်လေ့လာပါလို့ linux စာစောင်တွေမှာ ညွှန်းထားပါတယ်။)

အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ်။

DEVICE=eth0

HWADDR=@@@@@@@@@@@@@@

TYPE=Ethernet

UUID=@@@@@@@@@@@@@@@@

ONBOOT=no

NM_CONTROLLED=yes

BOOTPROTO=dhcp

@ sign တွေနေရာမှာတော့ တစ်လုံးနဲ့ တစ်လုံး မတူပါဘူး။ အဲ့မှာ အရေးကြီးတာ HWADDR ဟာ အရေးကြီးပါတယ်။ ၎င်းကို မဖြစ်မနေပြင်ပေးရပါလိမ့်မယ်။ MAC address လို့ခေါ်တဲ့ Hardware address ဖြစ်ပါတယ်။ ၎င်းအတွက် ပုံ -၁ မှာက ကျွန်တော်တို့ adapter ထပ်တိုးတုန်းက ရေးမှတ်ထားခဲ့တဲ့ နံပါတ်တွေကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။

ပြင်ရန်အတွက် “ i ” key ကို နှိပ်လိုက်ပါ။ vi မှာ စာရိုက်ထည့်ချင်ရင် insert ဆိုတဲ့ “ i ” key ကို နှိပ်ရပါတယ်။ အောက်ပါအတိုင်း ပြင်ပါ။

DEVICE=eth0 မှာ eht1 လိုပြောင်းပါ။

HWADDR= “ ရေးမှတ်ခဲ့တဲ့နံပါတ်များကို capital letter ဖြင့် 2 လုံးတစ်ဖြတ် semicolon နှင့်ရေး”

TYPE=Ethernet မှာ ပြင်ရန် မလိုပါ။

UUID=@@@@@@@@@@@@@@@@ မှာ ပြင်ရန်မလိုပါ။

ONBOOT=no မှာ no ကို yes လို့ပြောင်း။

NM_CONTROLLED=no မှာ no ကို yes လို့ပြောင်း။

BOOTPROTO=dhcp မှာ dhcp ကို static လို့ပြောင်း။

ဒီ ၂ ကြောင်း ထပ်ထည့်ရမယ်။

IPADDR=192.168.0.101

NETMASK=255.255.255.0

လို့ ပြင်ပေးလိုက်ပါ။ တစ်ခုမှ မှားလို့ မရပါဘူး။ ပြင်ပြီးရင် “Esc” key ကို နှိပ်လိုက်ပါ။ “i” key နှိပ်ထားလို့ ရောက်နေတဲ့ “Insert” mode ကနေ Esc နဲ့ ထွက်လိ်ုက်တာပါ။

save ရန်အတွက် “ : x ” ကို ရိုက်ပြီး enter ခေါက်ပါ။ semicolon နဲ့ x အသေးဖြစ်ပါတယ်။ တစ်ဆက်တည်းရိုက်ရပါတယ်။

ပြင်ပြီးသွားရင် အောက်ပါ command နဲ့ ကြည့်လိုက်ပါ။

cat ifcfg-eth1

ဒီလိုတွေ့ရပါလိမ့်မယ်။

DEVICE=eth0

HWADDR=12:24:AB:CD:56:EF

TYPE=Ethernet

UUID=1a234b56 — etc,

ONBOOT=yes

NM_CONTROLLED=no

BOOTPROTO=static

IPADDR=192.168.0.101

NETMASK=255.255.255.0

cat  ဆိုတာ ဖိုင်တွေကို ကြည့်လို့ရတဲ့ command လေးဖြစ်ပါတယ်။ cat နောက်မှာ ကြည့်ချင်တဲ့ file နာမည်ကို ရေးပေးရင် ရပါတယ်။ အခြား ifcfg-eth0 နဲ့ ifcfg-lo တို့ကို ကြည့်ကြည့်ပေါ့။

ifcfg-eth0 အတွက်ကိုလဲ ONBOOT နေရာမှာ yes လို့ vi နဲ့ ဝင်ပြောင်းကြည့်ပါ။ မရေးတော့ဘူး။ ကိုယ်တိုင်လုပ်ကြည့်ပါ။

service network restart

လို့ ရိုက်ပြီး enter ခေါက်လိုက်ရင် network service ကို restart ပြန်လုပ်ပြီး eth0 နှင့် eth1 ဟာ active ဖြစ်လာမှာဖြစ်ပါတယ်။ eth1 ဟာ ကျွန်တော်တို့ ပေးခဲ့တဲ့ ip address နှင့် up ဖြစ်နေကြာင်း တွေ့ရပါလိမ့်မယ်။

အောက်ပါ command ၂ ခုနဲ့လည်း ကြည့်လို့ရပါတယ်။

ifconfig (or) ip addr

ပုံ – ၅  ကို ကြည့်ပါ။

အထက်ပါ အချက်များကို လုပ်ပြီးရင် ကျွန်တော်တို့ဟာ VM ပေါ်မှာ တင်ထားတဲ့ CentOS ကို NIC တစ်ခု ထပ်တိုးခြင်း၊ IP address ပေးခြင်းနဲ့ configuration ပြုလုပ်ပြီးပါပြီး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s